ကြည့်ကြ ! ! ! ဟောဒါ . . .
Posted In:
ချစ်စွာသောကောင်စုတ်မလေး
.
By Aung Paing Lin
ကြည့်ကြ ! ဟောဒါ . . .
ငါ့ရဲ့ ချစ်လှစွာသော ကောင်မစုတ်လေးဖြစ်ပေရဲ့ . . .
ဘ၀ကို . . .
“ပေါ့ပေါ့ပါးပါး” ခံယူလိုက်ပုံများ
မြင်လား ! သူမတစ်ကိုယ်လုံးတောင်မှ
“ပါး” ပြီး “ပေါ့” နေတဲ့ပုံ
(အဲဒီ ကောင်စုတ်မလေးက)
“မျှော်လင့်ခြင်း ဆိုတာကိုလည်း အယုံအကြည်မရှိဘူး၊
နောက်ပြီး . . . သူမက
“အရူး” နဲ့ “နတ်ဘုရား” တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး . . .
အဲ့ဒီ ကောင်စုတ်မလေးပေါ့ !
ဘ၀ဟာ . . .
ဝမ်းနုတ်ဆေးတစ်ခွက်လောက်တောင်မှ
အာမခံချက်မပေးနိုင်ဘူးလို့ ယူဆရဲ့
(အဲ့ဒီ သူမက)
လမ်းမှာ မကြာခဏ ပြုံးပြတတ်သူတွေကိုလည်း
အာရုံကြောရောဂါ ရနေတယ် . . . လို့လှောင်တတ်သူ . . .